ကျွန်မတို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် တစ်နေ့ထက်တစ်နေ့ပို၍ မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ အပူချိန်လွန်ကဲခြင်း၊ အအေးလှိုင်းဖြတ်ခြင်း စသည်ကဲ့သို့သော သဘာဝဘေး၊ ရာသီဥတုဘေးအန္တာရာယ်များကို ခံစားရလျှက် ရှိနေပါတယ်။ ထိုကဲ့သို့ ရာသီဥတုဖောက်ပြန်ခြင်းများဖြစ်ပေါ်နေခြင်းသည် ကျွန်မတို့ မဆင်ခြင်သည့်လုပ်ရပ်များ (သစ်ပင်ခုတ်ခြင်း၊ အမှိုက်မီးရှို့ခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း စသည်) ကြောင့် ဖြစ်ပေါ်လာသလို ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကို လျော့ချနိုင်ရန် ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်များမှာ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါတယ်။ သို့ဖြစ်ပါသောကြောင့် အောက်ပါအတိုင်း တတ်နိုင်သမျှ လိုက်နာကျင့်သုံးနေထိုင်ဖို့ တိုက်တွန်းလိုက်ပါရစေရှင့်။

📌၁၉၀၆ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ ပျှမ်းမျှကမ္ဘာ့အပူချိန်က 0.74*C ထိ မြင့်တက်ခဲ့ပြီး အခုလိုမြင့်တက်လာခဲ့တာကလည်း ၁၉၇၀ခုနှစ်ကစပြီး သိသိသာသာမြင့်တက်လာတာ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းများမတိုင်ခင် ၂၀၁၅ခုနှစ်မှာတော့ 1*C ကျော်ထိ ပူနွေးလာခဲ့ပါတယ်။ အခုလို ရာသီဥတုပြောင်းလဲမှုတွေက သဘာဝအလျောက်ဖြစ်တာတွေလဲရှိပေမယ်လို့ ယနေ့ခေတ်မှာတော့ လူသားတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေက များပြားလာတဲ့အတွက် ပတ်ဝန်းကျင်ယိုယွင်းမှုတွေကလည်း တဖြည်းဖြည်းဆိုးရွားလာခဲ့တာဖြစ်ပါတယ်။အခုလိုပြောင်းလဲမှုတွေဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုတော့ အောက်ပါ poster လေးမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ စာဖတ်သူတို့အားလုံးလည်း အောက်ပါ Posterလေးကိုဖတ်ရင်း ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းအကြောင်းအရာတွေကို ပိုမိုသိရှိနားလည်ပြီး ထိန်းသိမ်းပြုပြင်နိုင်မယ်လို့ Climate Tools Box Teamမှ ယုံကြည်ပါတယ်။

ရာသီဥတု အလျင်အမြန် ပြောင်းလဲလာခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို ကမ္ဘာအနှံ့အပြားမှာ ဆိုးရွားစွာခံစားနေရပါတယ်။
ထိုအကျိုးဆက်များထဲတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်များ အနှေးနှင့်အမြန် ကျရောက်လာမည့် အကျိုးဆက်များလည်းရှိသည့် အပြင် လူမှုဘဝ နှင့် လူနေမှုအဆင့်အတန်းကိုပါ လျှော့ကျလာစေနိုင်သည့် အကြောင်းအရာများလည်း များစွာရှိနေပါသည်။ မည်သို့ပင်ဆိုစေကာမူ လူသားများ၏ မဆင်မခြင်သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှုနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်ပြုလုပ်နေမှုများသည် မိမိ နှင့် နောင်လာမည့် မျိုးဆက်များထံသို့သာ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ယခုလက်ရှိရင်ဆိုင်နေရသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို အကုန် ပူပေါင်းလက်တွဲဆောင်ရွက်ကြရန် လိုအပ်ပါသည်။ Effects of Climate Change and Social Impacts of Climate Change Poster လေးသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် တကမ္ဘာ့လုံးဆိုင်ရာ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဖော်ပြထားခြင်းဖြစ်ပါသည်။
